မောင်ရစ်ချတ် ၏ အတွေးစ များ နှင့် စုံစီနဖာသောင်းပြောင်းထွေလာများ
တွေးမိလို့ ရေးမိပါတယ်။
ရွှေဝါပြည်စာအုပ်ကတော့ ဦးနေ၀င်းလက်ထက် က ထုတ်ဝေခွင့်မရခဲ့တဲ့  မဆလ ခေတ် ကို ရော ဖဆပလ ခေတ် ကို ရော သရော်ထားတဲ့  စာအုပ်ပါ။
        စာရေးသူရဲ့  ရေးဖွဲ့တင်ပြပုံ သရော်ချက်တွေ ကလဲ ထိမိလွန်းလို့  လက်က မချနိုင်အောင် (ကွန်ပြူတာ ကို ပေါင်ပေါ်တင်ဖတ်လို့လေ) ကောင်းပါတယ်။
         ဖတ်ရှု့ စေချင်ပါတယ်ဗျာ။ ကျွန်တော် လည်း ဖော်ဝပ်မေး က နေရတာ မို့  ပြန်လည်ဝေမျှလိုက်ပါတယ်။
Attachment: yangon ba swe[1].shwe wah pyi.pdf
"ဆန့်ထွက်လာမည့် လက်သည်းများ"
PDF
Print
E-mail
ဆောင်းပါး
စိုးနေလင်း   
တနင်္လာနေ့၊ ဇွန်လ 30 2008 03:13 - မြန်မာစံတော်ချိန်
မြန်မာနိုင်ငံအကြောင်း၊ မြန်မာနိုင်ငံရဲ့ စီးပွားရေးဘ၀၊ လူမှုရေးဘ၀၊ နိုင်ငံရေး ဘ၀တွေအကြောင်း ရေးသားထားတဲ့ သတင်းတွေ၊ ဆောင်းပါး တွေ၊ စာအုပ်စာတမ်းတွေဖတ်ရ၊ လျှပ်တပြတ် ရိုက်ထားတဲ့ ဓါတ်ပုံတွေ၊ သတင်းဓါတ်ပုံတွေ၊ သတင်းဓါတ်ပုံတွေ၊ ဗီဒီယို ကလစ်တွေ၊ ဗီဒီယို ဇာတ်ကား၊ ရုပ်ရှင်ဇာတ်ကားတွေကို ကြည့်ရတဲ့အခါတိုင်း ကြည်နူးပီတိဖြစ်ရ၊ ၀မ်းမြောက်ဝမ်းသာ ဖြစ်ရတယ်လို့ မရှိသလောက်ပါပဲ။ ၀မ်းနည်း ကြေကွဲရ၊ စိတ်မကောင်းဖြစ်ရ၊ ကြိတ်မနိုင်ခဲမရ ဖြစ်ရ၊ ဒေါသဖြစ်ရ စတဲ့ မကောင်းတဲ့ စိတ်ခံစားမှုတွေကိုပဲ ကြုံတွေ့ ခံစားခဲ့ရတာချည်းပါပဲ။ အဲဒါတွေရဲ့ အခြေခံ အကြောင်းတရားဟာ မှားယွင်းတဲ့ အပေါ်ထပ် နိုင်ငံရေး အဆောက်အဦ၊ မှားယွင်းတဲ့ အခြေခံ စီးပွားရေး အဆောက်အဦ ကြောင့်ပဲ ဆိုတာလည်း ရှင်းနေတာပါပဲ။ အပေါ်ဆုံးထပ်နဲ့ အောက်ဆုံးထပ်ကြားမှာ ရှိတဲ့ ကျန်နေတဲ့အရာ အားလုံးဟာလည်း အလိုအလျှောက် မှားယွင်းသွားခဲ့ရ မှားယွင်းနေဆဲပဲ ဖြစ်ရတော့တာပါပဲ။ ဒါလည်း ထူးဆန်းတဲ့ကိစ္စ မဟုတ်ပါဘူး။
ဒါပေမယ့် အဲ့ဒီ အဓိက မှားယွင်းမှုကြီး နှစ်ခုရဲ့ ကြားမှာ ဖြစ်ပေါ်လာတဲ့ အမှားတွေကို တကယ်တန်း ခါးခါးသည်းသည်း ခံစားနေရတာကတော့ အောက်ဆုံးလွှာက မရှိဆင်းရဲသား ပြည်သူတွေပဲ ဖြစ်ပါတယ်။ တကယ်တော့ အဲဒီ သန်းပေါင်းများစွာ ရှိတဲ့ ပြည်သူလူထုဟာ တိုင်းပြည်ရဲ့ အကြီးမားဆုံး စွမ်းအား အကြီးမားဆုံး အင်အားစုကြီးပါ။ ဒါပေမယ့် အဲဒီ စွမ်းအားအကြီးမားဆုံး အင်အားစုကြီးဟာ အကြီးမားဆုံး ဆင်းရဲဒုက္ခကို ခံစားနေကြရတဲ့သူတွေ ဖြစ်နေပါတယ်။ ကျနော်ကိုယ်တိုင်လည်း အဲဒီ အင်အားစုကြီးထဲမှာ ပါဝင်ခဲ့ရတဲ့ သူတစ်ယောက်ပါ။ အဲဒီ စွမ်းအား အကြီးမားဆုံး အင်အားစုကြီးဟာ ဒီကနေ့ အချိန်မှာ စွမ်းအား မဲ့သွားကြပါပြီလား။ သူတို့ တွေ့ကြုံခံစားနေရတဲ့ ဆင်းရဲဒုက္ခတွေထဲက လွတ်မြောက်အောင် မရုန်းကန်နိုင် မလှုပ်ရှားနိုင် ကြတော့ဘူးလား။ အဲ့ဒီလို မဟုတ်ဘူးလို့ ကျနော် အခိုင်အမာ ယုံကြည်ပါတယ်။ နှစ်ငါးဆယ် နီးပါး စစ်အာဏာရှင်တွေရဲ့ သံဖနောင့်အောက်မှာ ရက်ရက်စက်စက် ဖိနှိပ် ညှင်းပမ်းခံရ၊ မျက်စိပိတ် နားပိတ် အလုပ်ခံရလို့ သူတို့မှာ ရှိနေတဲ့ ကြီးမားတဲ့ စွမ်းအားတွေကို အသုံးပြုဖို့ မကြိုးစားရဲအောင် ဖြစ်နေကြရရှာတာပါ။ ကိုယ်စီကိုယ်စီမှာ ရှိနေတဲ့ အစွမ်းသတ္တိတွေကို ကိုယ်ကိုယ်တိုင် မသိနိုင်အောင် ဖြစ်နေကြရရှာတာပါ။ မြန်မာနိုင်ငံရဲ့ နွံနစ်နေတဲ့ သမိုင်းဘီးကို တွန်းတင်လွတ်မြောက်အောင် လုပ်ဆောင်နိုင်စွမ်း အမှန်တကယ် ရှိနေတာဟာ သူတို့ပါပဲ။ မှတပါးတခြားမရှိ၊ ကျနော်တို့ရဲ့ သန်းပေါင်းများစွာသော သာမန်ပြည်သူတွေပါပဲ။ ဒီနေရာမှာ အငြင်းပွားစရာ မရှိဘူးလို့ ထင်ပါတယ်။
ဒုတိယ ဖက်ဆစ်တော်လှန်ရေးလို့ ပြောလို့ ရသလို နယ်ချဲ့အောက်က လွတ်မြောက်အောင်မဟုတ်ပဲ အမျိုးသား စစ်အာဏာရှင်စနစ် လက်အောက်က လွတ်မြောက်အောင် တိုက်နေတဲ့ အမျိုးသား လွတ်မြောက်ရေး တော်လှန်ရေးပါ။ နယ်ချဲ့ကို တော်လှန် တိုက်ခိုက်ရတာထက် ပိုပြီးခက်ခဲ ကြမ်းတမ်းပါတယ်။ အချိန်ကာလကို ပြောမယ် ဆိုရင်တော့ ကျနော် တို့ရဲ့ ပြည်သူလူထုဟာ အတိုင်းအတာတခုအထိ ဒီတော်လှန်ရေး ဖြစ်စဉ်ကို ဖြတ်သန်းကြုံတွေ့ ပြီးခဲ့ပါပြီ။ အတော်အတန် အတိုင်းအတာတခုထိ ရင့်ကျက်ခဲ့ပါပြီ။ နောက်ပြီး တော်လှန်ရေးတွေ ပေါက်ဖွားခဲ့တဲ့ ခေတ်ကာလအရ ဖြစ်စဉ်တွေဟာ ကွဲပြား ခြားနားနေပါတယ်။ ဒီကနေ့ အိုင်တီ ခေတ် ကမ္ဘာပြန့် ဖြစ်စဉ်ကာလ (Globalization) မှာ အချိန်တွေကို ကြုံ့ကွေးသွားအောင် နည်းပညာတွေက စွမ်းဆောင် နိုင်နေပါပြီ။ ကျနော်တို့ သမိုင်းထဲက တော်လှန်ရေး ဖြစ်စဉ်ဟောင်းတွေလောက် အချိန် ယူစရာ မလိုပါဘူး။ အချိန်တွေကို ချုံ့ပြီး အရှိန်အဟုန်ကို မြှင့်တင်လို့ရတဲ့ ခေတ်ကာလ ဖြစ်နေပါပြီ။
ကျနော်တို့ စိတ်ပျက် အားငယ်စရာ မရှိပါဘူး။ အလုပ်ကို ချက်ခြင်းစဖို့ပဲ လိုအပ်ပါတယ်။ စပြီးပြီ ဆိုရင်လည်း အရည်အတွက်ရော အရည်အချင်း အရပါ အရှိန်အဟုန်ကို မြှင့်တင် ပေးကြရပါလိမ့်မယ်။ တော်လှန်ရေးကြီး အောင်အောင်မြင်မြင် ပြီးဆုံးသွားဖို့ ပေါင်းစည်းလို့ ရနိုင်သမျှ အင်အား တွေကို ကျနော်တို့ ပေါင်းစည်းကြရပါမယ်။ တော်လှန်ရေးရဲ့ အဓိက ရည်မှန်းချက် အောင်မြင်ရေးအတွက် အသုံးပြုလို့ ရနိုင်သမျှ တော်လှန်ရေး နည်းနာတွေကို သုံးစွဲကြရပါလိမ့်မယ်။ တဦးချင်း တယောက်ချင်းပဲ ဖြစ်ဖြစ်၊ တအုပ်စုချင်းဖြစ်ဖြစ် စစ်အာဏာရှင်စနစ်ကို ဒေါက်ထောက် ကျားကန်ထားသမျှ အရာအားလုံးကို တိုက်ဖျက် ခြေမှုန်းကြရမှာ ဖြစ်ပါတယ်။ ဒီ စစ်အာဏာရှင်စနစ် တိုက်ဖျက်ရေး ဒီမိုကရေစီ တော်လှန်ရေး ကြီး ရှုံးနိမ့်သွားမယ်ဆိုရင်၊ ဒီအတိုင်း စစ်အာဏာရှင်တွေကို ဆက်ပြီး အုပ်ချုပ်ခွင့် ပေးထားမယ် ဆိုရင် ကျနော်တို့ နိုင်ငံဟာ လုံးဝ ပျက်သုန်း သွားတော့မယ် အလျှော့ပေး စွန့်လွှတ်လို့ မဖြစ်ဘူး ဆိုတာကို ပြည်သူလူထု တရပ်လုံး သိမြင် သဘောပေါက်ကြဖို့ လိုအပ်ပါလိမ့်မယ်။
နိုင်ငံရေး သဘောတရားတွေ၊ စနစ်တွေ၊ အသစ်အသစ် ပေါ်ပေါက်လာနေတဲ့ အတွေးအခေါ်တွေ လမ်းကြောင်းတွေ အကြောင်းကို ငြင်းခုန် ဆွေးနွေး သဘောထားကွဲပြား နေကြရမယ့်အချိန် မဟုတ်ဘူး။ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ် တိုက်ဖျက် ခြေမှုန်းဖို့သာ ဖြစ်တယ် ဆိုတာကို ကျနော်တို့ တညီတညွတ်ထဲ ယုံကြည်ထားကြဖို့သာ ဖြစ်ပါတယ်။
ဒီနေရာမှာ ကျနော့အနေနဲ့ ကိုယ့်စိတ်ကို ပြန်ပြီး အားဖြည့် သန့်စင်ဖို့ အတွက် ဖတ်ကြည့်လိုက်မိတဲ့ မဟာမြိုင် တောရဆရာတော်ကြီး ဦးဇောတိကရဲ့"တွေးမိတိုင်း ပျော်တယ်" ဆိုတဲ့ စာအုပ်ထဲက ဆရာတော်ကြီးရဲ့ မိန့်ဆိုချက်တခုကို ပြန်ပြီးသတိရမိပါတယ်။ ဆရာတော်ကြီး ကတော့ ဘယ်လူ့အဖွဲ့အစည်း ဘယ်တိုင်းပြည်လို့ ထည့်သွင်း မပြောခဲ့ပါဘူး။ ကျနော်ကတော့ ကျနော်တို့ လူ့အဖွဲ့အစည်း ကျနော်တို့ တိုင်းပြည် လို့ ခံစားလိုက်ရပါတယ်။
ဆရာတော်ကြီးက
"…
မတရားတာ၊ မမျှတတာတွေကို လုပ်တဲ့သူတွေ များနေရင် တရားမျှတမှု မရှိတဲ့ အသိုင်းအ၀ိုင်း ဖြစ်နေမယ်။ တရားမျှတမှု မရှိတဲ့ အသိုင်းအ၀ိုင်းဟာ လွတ်လပ်မှုရှိတဲ့ အသိုင်းအ၀ိုင်း ဖြစ်တယ်လို့ ဘယ်ပြောနိုင်မလဲ။
မတရားတာ လုပ်တဲ့သူရှိရင် ခံရတဲ့သူ ရှိတယ်။ ခံရတဲ့သူဟာ လုပ်တဲ့သူကို လေးစားမှာ မဟုတ်ဘူး။ တဦးကိုတဦး မလေးစားနိုင်တဲ့ အသိုင်းအ၀ိုင်းဟာ ဂုဏ်သိက္ခာရှိတဲ့ အသိုင်းအ၀ိုင်း မဖြစ်နိုင်တော့ဘူး။ တရားမျှတမှုမရှိ ၊ ဂုဏ်သိက္ခာလည်း မရှိတဲ့ အသိုင်းအ၀ိုင်းမှာ နေရတဲ့ သူဟာ စိတ်အေးချမ်းသာယာမှု ဘယ်လိုလုပ် ရနိုင်တော့မလဲ။
လူတချို့ မတရားတာကို လွတ်လွတ်လပ်လပ် လုပ်ခွင့်ရှိတဲ့ အသိုင်းအ၀ိုင်းဟာ လွတ်လပ်တဲ့ အသိုင်းအ၀ိုင်း မဖြစ်နိုင်ဘူး။ မလွတ်လပ်တဲ့ အသိုင်းအ၀ိုင်းဟာ ဂုဏ်သိက္ခာရှိတဲ့ အသိုင်းအ၀ိုင်း မဖြစ်နိုင်ဘူး။ တရားမျှတမှု၊ လွတ်လပ်မှုနဲ့ လူ့ဂုဏ်သိက္ခာ ဒီသုံးပါးဟာ ဆက်စပ်နေပါတယ်။ တန်ဖိုးထားစရာ ကောင်းတဲ့ ဒီ (Human values) သုံးပါးမရှိရင် အဆင့်မြင့်တဲ့ လူ့အသိုင်းအ၀ိုင်း မဖြစ်သေးဘူး…" လို့ မိန်းကြားဟောပြောခဲ့ ပါတယ်။
ကျနော်တို့တွေ တရားမျှတမှု မခံစားခဲ့ရသေးဘူး၊ လွတ်လပ်မှုကို မခံစားခဲ့ရသေးဘူး၊ ဂုဏ်သိက္ခာရှိတဲ့ လူ့အဖွဲ့အစည်းတခု မဖြစ်သေးဘူး ဆိုတာကတော့ အသေအချာပါပဲ။
ကျနော်တို့ ပြည်သူလူထုကြီး အနေနဲ့ ကိုယ့်အားကိုယ်ကိုး ကြရပါလိမ့်မယ်။ စစ်အာဏာရှင်တွေနဲ့ သူ့ရဲ့ အပေါင်းအပါတွေကို ကိုယ်စီကိုယ်ငှ ဆန့်ကျင်တွန်းလှန်ဖို့ ကြိုးစားကြရပါလိမ့်မယ်။ အားလုံးဟာ လက်နက်စွဲကိုင် ဆန့်ကျင် တော်လှန်နိုင်ကြမှာ မဟုတ်ပါဘူး။ ကိုယ်လုပ်နိုင် သလောက် အန္တာရာယ် မများတဲ့ ငြိမ်းချမ်းတဲ့ ခုခံဆန့်ကျင်မှုတွေကို သုံးပြီး စစ်အာဏာရှင်စနစ်ကို ဆန့်ကျင်ကြဖို့သာ အရေးကြီးပါတယ်။ အဲ့ဒီ အဆင့်ကနေပြီး တဆင့် တိုးတက်လာတဲ့ အချိန်မှာတော့ ပိုပြီး ထိရောက် အစွမ်းထက်တဲ့ နည်းတွေနဲ့ စစ်အာဏာရှင်စနစ်ကို ဆန့်ကျင် တော်လှန် နိုင်လာကြပါလိမ့်မယ်။
ဘယ်လိုပဲဖြစ်ဖြစ် အဓမ္မ၀ါဒီ စစ်အာဏာရှင်တွေ မကြာတော့မယ့် အချိန်မှာ ကျဆုံး၊ အာဏာရှင်စနစ် နိဂုံး ချုပ်ရပါလိမ့်မယ်။ ဓမ္မဟာ အမှန်တရား ဖြစ်တယ်၊ သစ္စာတရား ဖြစ်တယ်။ ။
စိုးနေလင်း
ဖတ်ရတာ အားမန်တက်ကြွစေတဲ့ ဆောင်းပါးလေးတစ်ပုဒ် မို့  ပြန်လည်မျှဝေ ပေးလိုက်တာပါ။
မူရင်း ကတော့ မဇ္ဈိမ သတင်းဌာန က ထုတ်တဲ့  အွန်လိုင်းမဂ္ဂဇင်းထဲက ဆောင်းပါးလေးပါ။
ခြင်္သေ့ကြီး မျက်လုံးနီနေပြီ
PDF
Print
E-mail
ဆောင်းပါး
နေသန်မောင်   
တနင်္လာနေ့၊ ဇွန်လ 16 2008 23:28 - မြန်မာစံတော်ချိန်
ဒီကနေ့ ကမ္ဘာမှာ ရာသီဥတု ပြောင်းလဲမှုနဲ့ ပတ်သက်ပြီး သိပံ္ပနည်းကျ ဆောင်ရန်၊ ရှောင်ရန်တွေကို ပညာရှင်တွေက နေ့စဉ်လိုလို စိုးရိမ်တကြီး သတိပေးနေပေမယ့် ဖွံ့ဖြိုးမှု နောက်ကျတဲ့ ဘာသာရေးအရ၊ သက်ဝင် ယုံကြည်မှုအရ မြန်မာ အပါအဝင် အာရှတိုက်သား အများစုရဲ့ ရာသီဥတု အပေါ် ယူဆချက်တွေက အများအားဖြင့် တူညီကြပါတယ်။
မီး အကြီးအကျယ်လောင်တာ၊ တောလဲသံကြီးတွေ မြည်ဟီးပြီး မြေငလျှင်တွေ လှုပ်တာ၊ ရေကြီးတာ၊ မုန်တိုင်းဝင်တာ၊ အဲဒါတွေရဲ့ နောက်ဆက် တွဲအဖြစ် အစာရေစာ ငတ်မွတ်ခေါင်းပါးတဲ့ ကပ်ဘေးတွေ ဆိုက်တာ၊ လူပေါင်း သိန်း၊ သန်းချီ သေကြေပျက်စီးတာတွေဟာ ကောင်းကင်ဘုံရဲ့ နိမိတ်လက္ခာတွေအဖြစ် ခိုင်ခိုင်မာမာ ယုံကြည်နေကြပါတယ်။
ကမ္ဘာကြီး ပူနွေးလာပြီး ရာသီဥတု ဖောက်ပြန်တာတွေဟာ လူတွေရဲ့ အမှားကြောင့်ဆိုတာ အားလုံး လက်ခံထားကြသလို သဘာဝ ကပ်ဘေးတွေ ရက်ဆက်ဆိုသလို ကြုံတွေ့ရတာ။ မထင်မှတ်တဲ့ အချိန်မှာ ဆိုးဆိုးရွားရွား ကြုံရတာတွေဟာ အုပ်ချုပ်သူတွေရဲ့ ပြည်သူတွေအပေါ် ဓမ္မနဲ့အညီ မအုပ်ချုပ်တာ၊ လူတွေအချင်းချင်း သစ္စာတရား ကင်းမဲ့ပြီး ဒုစရိုက်တွေ ပေါများလာတာ၊ လူ့ကျင့်ဝတ်တွေ ဖောက်ပြားပြီး မောဟ၊ ဒေါသ၊ မာန်မာနတွေ ဖုံးလွှမ်းတာတွေကြောင့် ကောင်းကင်ဘုံကနေ လောကလူသားတွေအပေါ် ပြစ်ဒဏ်ခတ်တာလို့ ဘာသာရေးဆိုင်ရာ တရားတော်တွေအရ ကောက်ချက် ဆွဲကြပါတယ်။
အထူးသဖြင့် ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးမှာ သိန်းနဲ့ချီတဲ့ သံဃာတော်တွေ မိုးထဲလေထဲ ပြည်သူ့ အကျပ်အတည်းတွေအတွက် လမ်းမတွေ ထွက် ကြွချီပြီး မြို့ရွာတွေအနှံ့ မေတ္တာသုတ် ရွတ်ဖတ် သရဇ္ဈယ်တဲ့အပေါ် မြန်မာစစ်အစိုးက လက်နက်နဲ့ အကြမ်းဖက် ဖြိုခွဲပြီး သံဃာတော်တွေကို စာသင်တိုက်တွေကနေ မောင်းထုတ်ခဲ့တာ၊ ဖမ်းဆီး ထောင်ချခဲ့တာတွေအပေါ် ဗုဒ္ဓဘာသာဝင် လူထုဟာ သွေးပျက်ထိတ်လန့်စွာ ကြုံတွေ့ခဲ့ရ ပါတယ်။
ဓမ္မတရားကို ဖောက်ပြန်ပြီး ပြည်ရဲ့ ဦးခေါင်း၊ လက်ရုံးနဲ့ မျက်လုံးတွေ သုတ်သင်ခံရပြီဆိုတဲ့ အချိန်မှာ ကောင်းကင်ဘုံရဲ့ ပြစ်ဒဏ်ခတ်တာကို ခံရတော့မယ်လို့ လူတွေက တထစ်ချ ယုံကြည်ခဲ့ကြပါတယ်။
ဒီလို အခြေအနေတွေ ကြုံရတဲ့အခါမှာ မြန်မာပြည်သူတွေဟာ ထီးကျိုးစည်ပေါက် ဖြစ်ခဲ့ရတဲ့ အတိတ်ကာလက အတွေ့အကြုံတွေနဲ့ ယှဉ်ထိုးပြီး ဒီကနေ့ ရှင်ဘုရင်ရူး ရူးနေတဲ့ သန်းရွှေနဲ့ စစ်ဗိုလ်ချုပ်တွေအတွက် နေဝင်ချိန်ဟာ ၂ဝဝ၈ မကျော်တော့ဘူးလို့ ခန့်မှန်းလာကြပါတယ်။ အတိတ် တဘောင်တွေ၊ ဗေဒင်ယတြာတွေနဲ့အတူ လူထုဟာ သူတို့နည်း သူတို့ဟန်နဲ့ သစ္စာတရားရဲ့ ထာဝရ မှန်ကန်ခြင်းကို ဆုတ်ကိုင်ကြပါတယ်။
အနီးစပ်ဆုံး ဆွဲယူပြတဲ့ ဥပမာတွေကတော့ မြန်မာလူမျိုးတွေရဲ့ နောက်ဆုံးဘုရင် သီပေါမင်းလက်ထက် နန်းတွင်းက မင်းညီမင်းသားတွေ အစုလိုက်အပြုံလိုက် သုတ်သင်မှုရဲ့ နောက်ဆက်တွဲ နိုင်ငံအနှံ့ လုံခြုံမှုလျော့ရဲပြီး စီးပွားပျက် ကပ်ဆိုက်မှု၊ အထက်မြန်မာနိုင်ငံအနှံ့ ကျောက်ရောဂါ ကပ် တမဟုတ်ချင်း ပျံ့နှံ့ပြီး သီပေါရဲ့ တဦးတည်းသော သားတော် သေဆုံးခဲ့မှု၊ ပါတော်မမူခင် ကောင်းကင်တခွင်လုံး သွေးတွေ ပက်ကြဲထား သလို နီရဲနေခြင်း၊ မိုးကြိုးပစ်ခြင်း၊ အချိန်အခါမဟုတ် လျပ်ပြက်ကာ လေပြင်းတိုက်ခြင်း စသည့် နိမိတ်များအကြောင်း ပါးစပ်စကားနဲ့တဆင့် သယ်ဆောင်ခဲ့ပါတယ်။
ဒုတိယမြောက် ထင်ရှားတဲ့ ဥပမာကတော့ အာဏာရှင် ဦးနေဝင်းလက်ထက် (၁၉၆၂-၁၉၈၈) နှစ်ပေါင်း ထောင်ချီ တည်တံ့ခဲ့တဲ့ ပုဂံမြေက တန်ခိုးကြီးဘုရားတွေ အများအပြား ၁၉၇၅ ခုနှစ်မှာ ကြီးမားတဲ့ ငလျှင်ဘေးကြောင့် မြေပြင်ပေါ် ပြားပြားဝပ်ခဲ့ပါတယ်။ နောက်ထပ် ၄ နှစ်အကြာ မန္တလေးမြို့မှာ မီး အကြီးအကျယ် လောင်ခဲ့ပါတယ်။ ဒီအဖြစ်အပျက်တွေကို ပြည်သူအများစုက နိမိတ်တွေအဖြစ် လက်ခံခဲ့ကြပါတယ်။ ရလဒ် ကတော့ ၁၉၈၈ ခုနှစ်မှာ ကြီးမားတောင့်တင်းပြီး ပြည်သူတွေ ဖိန့်ဖိန့်တုန်အောင် ကြောက်ခဲ့ရတဲ့ (မဆလ) တပါတီကြီးနဲ့အတူ ဦးနေဝင်း တယောက် တပြည်လုံးရဲ့ ဆန့်ကျင်မှုကြောင့် ရာဇပလ္လင်ပေါ်ကနေ ဆင်းခဲ့ရပါတယ်။ ၁၉၈၈ ခုနှစ် မတ်လမတိုင်မီ ကောင်းကင်တခွင်ဟာ ညအခါမှာ သွေးကဲ့သို့ နီရဲနေတယ်လို့ လူကြီးသူမတွေက နိမိတ်တွေအဖြစ် ယုံကြည်ခဲ့ပါသေးတယ်။
တရုတ်ပြည်ရဲ့ တုနှိုင်းမဲ့ ခေါင်းဆောင် မော်စီတုန်းဟာ ၁၉၇၆ ခုနှစ်က လူ သိန်းနဲ့ချီ သေကြေခဲ့ရတဲ့၊ ကြီးမားတဲ့ ငလျှင်ကြီး လှုပ်ခတ်အပြီး လအနည်းငယ် အကြာမှာ ကွယ်လွန်သွားခဲ့ပါတယ်။ ဒီဖြစ်ရပ်နဲ့ ပတ်သက်လို့ မော်တယောက် ကောင်းကင်ဘုံရဲ့ ဒဏ်ခတ်ခြင်းကို ခံခဲ့ရတာလို့ သူ့လက်အောက် ဒုက္ခပေါင်းများစွာ ခါးစည်းခံခဲ့ရတဲ့ ပြည်သူတွေက တညီတညွတ်တည်း ယုံကြည်ခဲ့ကြပါတယ်။
လူတွေဟာ သိပ်ကို အားကိုးရာမဲ့လာတဲ့အခါ၊ ခိုးကိုးရာမဲ့လာတဲ့အခါ ဘာသာတရားနဲ့ ဆက်နွယ်တဲ့ နိမိတ်ပုံတွေကို ပိုမိုလက်ခံလာကြတာ ဓမ္မတာပါ။
ဒီနေရာမှာ သိပံ္ပနည်းကျ နိုင်ငံရေး ဖလော်ဆိုဖီတွေကို ခဏ ဘေးချိတ်ထားပြီး ပြည်သူတွေအားလုံး တညီတညွတ်တည်း စိတ်ဝင်စားနေကြတဲ့ ဒီ နိမိတ်တွေအကြောင်းက ပိုပြီး အရေးပါလာတာကတော့ ငြင်းလို့ မရပါဘူး။ မနှစ်က စက်တင်ဘာလမှာ သံဃာတွေ ဝါးရင်းတုတ်နဲ့ ရိုက်ခံရတာ၊ သေနတ်နဲ့ ပစ်သတ် ခံရတာတွေဖြစ်ပြီး လူထုအများစုက ဒီလို အခြေအနေတွေကို မသိစိတ်ကနေ ထင်ကြေးပေးခဲ့ပါတယ်။
ဒီနှစ်ဆန်းမှာ မန္တလေးမှာ မီး အကြီးအကျယ် လောင်ခဲ့တာ၊ မေလမှာ ဧရာဝတီနဲ့ ရန်ကုန်မှာ မုန်တိုင်းကျပြီး လူ သိန်းနဲ့ချီ သေဆုံးခဲ့တာတွေဟာ ဒီထင်ကြေးကို ပိုပြီး အားဖြည့်ပေးခဲ့ပါတယ်။ လူထုဟာ ဒီမိုကရေစီကို ငတ်မွတ် တောင့်တနေကြပေမယ့် အများစုကတော့ အုပ်ချုပ်သူတွေဟာ ဘုန်းတန်ခိုးပြည့်စုံမှ တိုင်းပြည်ကို တည်ငြိမ် အေးချမ်းအောင် ဆောင်ကျဉ်းနိုင်မယ်၊ အုပ်ချုပ်သူတွေ တရားပျက်တဲ့အခါ တိုင်းပြည်ဟာ အန္တရာယ် အသွယ်သွယ်၊ ကပ်ဆိုးတွေအဖုံဖုံ ကြုံရမယ်လို့ ယုံကြည်နေကြတုန်းပါပဲ။
အသေချာဆုံး ဖြစ်လာမယ့် ဘေးကတော့ မြန်မာပြည်ရဲ့ ဆန်အိုးကြီးဟာ နာဂစ်ဒဏ်ကြောင့် မှောက်သွားပါပြီ။ နောက်ဆက်တွဲအဖြစ် အစာရေစာ ငတ်မွတ် ခေါင်းပါးတဲ့ဘေးက လအနည်းငယ်မှာ ပေါ်ပေါက်လာဖို့က သေချာနေပါတယ်။ ပြည်ကတော့ တင်းနေပါပြီ။ 
တချိန်တည်းမှာပဲ မုတ်သုန်ရာသီရဲ့ ဖြစ်လေ့ဖြစ်ထရှိတဲ့ မုန်တိုင်းတွေက မြန်မာ့ ပင်လယ်ပြင်အနီးမှာ နိမိတ်တွေ ပြနေသလို မုတ်သုန်မိုးကြောင့် ရေကြီး၊ မြေပြိုဖြစ်ရပ်တွေက နူရာဝဲစွဲ၊ လဲရာသူခိုးထောင်းဖို့ ဖြစ်လာနေတော့တာပါပဲ။ မြန်မာ့သမိုင်းတလျှောက် ရာဇပလ္လင်ထက် ခွေးတက်လို့ သွေးပျက်စရာတွေ များစွာ ဖြစ်ခဲ့ဖူးပါတယ်။ လူထုဟာ ကောင်းကင်ဘုံရဲ့ နိမိတ်ကို ယုံကြည်တယ်ဆိုရင် ရင်ဆိုင်ရမယ့် ဘေးတွေအတွက် ကြိုပြီး ပြင်ဆင်ထားသင့်ပါတယ်။ ဒီမိုကရေစီဟာ အသင့် ချက်ထားပြီးသား ထမင်းအိုးတအိုး မဟုတ်ပါဘူး။ ပြည်သူတွေဟာ ထမင်းအိုးတအိုး ဖြစ်ဖို့အတွက် စိတ်ဓာတ်တွေ ပြင်ထားဖို့ လိုပါတယ်။ ခေတ်သစ်တည်ဖို့ အရှိန်ယူထားဖို့ လိုပါတယ်။
ခြင်္သေ့ကြီး မျက်လုံးနီနီ ... ပုဂံပြည်ကြီး ပျက်လတ္တံ့ ... ဆိုတဲ့ အတိတ်ဘောင်တွေကို ယုံကြည် ကြသေးတယ်ဆိုရင် ပြည်သစ်တည်ဖို့ အားတွေ မွေးကြဖို့ အချိန်ရောက်နေပါပြီ။ ဘာဖြစ်လို့လဲဆိုတော့ မြန်မာပြည်မှာ ခြင်္သေ့ကြီး မျက်လုံးနီနေလို့ပါပဲ။ ။
နေသန်မောင်
မူရင်း စာရေးဆရာရေးသားတင်ပြထားချက်လေး တွေ ကလည်း ကျွန်တော်တို့  မြန်မာပြည်သူပြည်သားတွေရဲ့  ဒီမိုကရေစီ အိပ်မက်လေး အတွက် အားဆေး တခွက်များဖြစ်လေ မလားပေါ့နော်။
 ဒီဆောင်းပါးကိုဖတ်ပြီးတော့ ပြန်လည် မျှဝေချင်တဲ့ စိတ်ဆန္ဒဖြစ်လာတာကြောင့် ကူးယူဖေါ်ပြလိုက်တာပါ။
မနက်စောစော အိပ်ီချင်မူးတူး နဲ့ ပဲ ဘန်ကောက်လေဆိပ် ကိုရောက်ခဲ့ပါတယ်။ ကားသမားကလဲ သဘောကောင်းတယ်။ မနက် ၃ နာရီကတည်း က သူလာစောင့်နေတာ။ အဲတာ အမြန်လမ်းမကြီး ပေါ်ကနေတက်
မောင်းဖို့ ဘတ် ၁၀၀ ဂိတ်ကြေးပေးထားတယ်။
    လေဆိပ်ရောက်တော့ ၄နာရီခွဲ ပြီ။ ချက်အင်ကောင်တာ ကလဲ မဖွင့်သေးတော့ ထိုင်ခုံမှာ ထိုင်ပြီး အိပ်ငိုက်နေခဲ့တယ်။ မနက်  ၅နာရီမှ ကောင်တာဖွင့်တယ်လေ။ မမ တွေ ကလဲ အိပ်ချင်မူးတူးပါပဲ။ သူတို့ ကတော့ မျက်နှာ မှာ မိတ်ကပ်ပေါင်တာ မှုန်တုန်တုန် လေးနဲ့လေ။ ကျွန်တော်တို့ ကတော့ ပြောင်ကြီးပါပဲ။
    အဲတာနဲ့ ချက်အင်လုပ်ပြီးတော့  ၅ နာ၇ီ ၂၀ ဘုတ်တင်း လုပ်ရမယ်တဲ့။ လ၀က ကလည်းတခါတလေ တန်းစီရတာ အများကြီးပဲ။ ဘန်ကောက်လေဆိပ်ကလ၀က ကောင်တာ တွေ တော် တော် များတာတောင်မှ မနိုင်ဘူး။ အဲဒီနေ့ ကတော့ လူက ရှင်းတယ်။
             ကောင်တာဖြတ်ပြီးတာနဲ့ ထွက်ခွာရာ ခမ်းမ ကိုဆင်းလာတော့  ဆင်ခြေလျောလေးမှာ ထဘီတွေ ပုဆိုးတွေ နဲ့ ကလေးတွေ ဘုစုကရုတွေ နဲ့ အုပ်စုလိုက်လေးထိုင်နေကြတယ်။. ကော်ဇောပေါ်မှာ။ ကြည်ံရတာ
ဒုက္ခသည်စခန်း ကနေတဆင့် တတိယနိုင်ငံတခု ကို အခြေချဖို့ သွားကြမယ့် ဗမာဒုက္ခသည်တွေ လို့ထင်ရတယ်။ နာမည်ထိုးတာ က မြန်မာ နာမည်တွေ လေ။ စိတ်တောင်မကောင်းပါဘူး။ ကိုယ်လဲ အချိန်က မရတော့ ဘူး။ သူတို့ ကို ပြောဆို နှုတ်ဆက် ချင်ပေမဲ့လည်း ဂိတ် ကဝေးတော့ ဘုတ်ဒင်း အမှီပြေးပေါ့ဗျာ။
              ဂိတ်ရှေ့ လဲရောက် တော့ လုံခြုံရေး စစ်ဆေးတဲ့ အဖွဲ့  က ဟန်းကယ်ရီမှာ ပါတဲ့ အိတ်တွေ ကိုရှာ တော့ အရည် မှန်သမျှ အားလုံး ၁၀၀ အမ်အယ်လ် ကျော်လို့တဲ့ ခေါင်းလျှော်ရည် သွားတိုက်ဆေး ဘော်ဒီစပရေး အားလုံးသိမ်းပါတယ်။ မီးခြစ်ကိုတော့ ကွန်ပြူတာ အိတ်ရဲ့  ရှေ့ မှာ ထည့် သိမ်းတော့ အိပ်စရေးဖြတ်တာ မပေါ်ပါဘူး။ ဘုတ်ဒင်းဂိတ် ဂျီတစ်အေ ကိုရောက်ပါပြီ. ၃၀ မိနစ်လောက်မှ တက်ရတယ်လေ။ လေယဉ် ကလဲ
ရပ်ထားတာဝေးတယ်။ ဘစ်ကားပေါ်မှာလူပြည့်နေပြီ မထွက်ပြန်ဘူး ဘယ်ကလာ ခရီးသည် တယောက် နောက်ကျ နေတယ်။ အဖြူကောင် ခပ်ငယ်ငယ်ပါ။
                     ကားက လေယဉ်နားထိ ကို ၆ မိနစ်လောက် ကွေ့ ပတ်မောင်းရသေးတယ်။လေယဉ် ပေါ်ရောက်ပြီးတော့ ဦးရာလူထိုင်ခုံစံနစ် ဆိုတော့ ရတဲ့ နေရာ မှာပဲထိုင်ရတာပေါ့နော်။ ထိုင်ပြီး ခါးပတ်ပတ် ပါတယ်။ ပြီးတော့ ဒိုင်ယာရီ ထုတ်ရေးနေသေးတယ်။ ဘယိလို မှ ဟန်မဆောင်နိုင်တော့ အောင် ကို ငိုက်လာ
တာ နဲ့ လေယာဉ်မထွက်ခင် ချင်လာတယ်။ တောင်လုပ်မြောက် လုပ်ပြီးတော့ လေယဉ်ထွက်တဲ့ အထိစောင့်နေတယ်။
                 အဲအေးရှား ကတော့ ဘာမှ မကျွေး သလို ရေတောင် မတိုက်ပါဘူး။ လက်မှတ်က ဈေးနှုန်း ချထားပေးလို့ တဲ့။ ထိုင်းအဲဝေးက ဂျာကာတာ ဘန်ကောက် ကို ၂၀၀၀၀ ဘတ်တောင်းတယ်တဲ့။ အဲတာ အဲအေရှ ကတော့ ဘတ် ရ၅၀၀ ပဲ ယူတယ်တဲ့။ မနက်စာ အတွက်ဗိုက်ကလဲ ဖြည့်ချင်တယ်လေ။
လေယဉ်ပေါ်မှာ ပဲ ကြက်သားဆင်းဒ၀စ်တခု ကော်ဖီတခွက် ရေတဘူး (၁၆၀ ) ဘတ် ကျပါတယ်။အဲတာ ဗိုက်ဖြည့် ပြီးတော့ အိပ်လိုက်တာလေ။ လေယဉ် က ၉း၃၀ မှာ ဂျာကာတာ လေဆိပ် ကိုဆင်းမယ် လို့ ကြေငြာတော့ မှ ပဲ လန့်နိုးပါတယ်။
                ကမန်းကတန်း နဲ့ ပဲ အောက်ဆင်းဖို့ ထတော့ ထိုင်ခုံ ခါးပတ် မဖြုတ်ရသေးပါဘူးလေ။ အဲတာ အပေါ်က  ပစ္စည်းလေးဘာလေး ယူပြီးတော့ အများသူငါတွေ လို ပဲ တိုးခွေ့ ဆင်းယင်းနဲ့  အောက် ကို
ရောက်လာပါတယ်။  လေဆိပ်ကတော့  ဆိုက်တဲ့ နေရာကနေ လ၀က ကောင်တာ ကိုလျောက်ရတာ တော်
တော် ရှည်လျားပါတယ်။ ကောင်တာ မှာ ကျွန်တော့်  စာအုပ် ကိုလေ လ၀က အရာရှိက နေ သဘောကျတယ်
ထင်ပါရဲ့  သေသေချာချာ ကိုပဲ လှန်လှောကြည့် တယ်.။အကြာချည်းပဲ။ နောက် သူများ စာအုပ်တွေ မှ(တခြားနိုင်ငံ သားတွေစာ အုပ်မှာ က အီလက်ထရောနစ်နည်း နဲ့  ဒေတာ ထည့်ထား) လေ။ စာအုပ်ကို အီလက်ထရောနစ် နည်းနဲ့ စစ်လိုက်တာ နဲ အားလုံး ကွန်ပြူတာ မှာ ပေါ်လာတယ်။
မနက် ၁၀ နာရီလောက်တော့ ရှိပြီ။ ပြည်တွင်း လေကြောင်း ထွက်ခွ ပေါက်ကိုရောက်ဖို့  ပေါ်ပြန်တက်ရတယ်။
ပြီးတော့ လိုက်မေးရတာပေါ့နော်။ အဆင်ပြေပါတယ်။ တွေ့  ပြီဆိုတော့ အချိန်လေး နာရီလောက်စောနေသေးတော့ ကေအက်ဖ်စီမှာ ထိုင်ပြီး ၀ါးတီးဖွင့်လိုက်တယ်လေ။ ဟမ်ဘာဂါ ကွန်ဘို ဆိုတာ  ၂၄၀၀၀ ရူပီယာ ကျတယ်။ ဆင်း ကတ် အသစ်ကလဲ ၀ယ်ထားလိုက်ပြီလေ။ ၈၀၀၀၀ ရူပီယာတဲ့။ ဖုန်းထဲ ကို ၁၀၀ ၀၀၀ ရူပီယာဖိုးဖြည့်လိုက်တယ်။
             ပြည်တွင်းရော ပြည်ပ ရော ခေါ်ချင်တာ ခေါ်လို့ ရသွားပြီလေ။ ထိုင်းက ဖုန်းကတော့ ရွမ်းမင်းဆားဗစ်ရ
ပေမဲ့ တမိနစ် ၁၆၀ ဘတ်နှုန်းလောက် က တော်တော်ဈေးကြီးတယ်။ မတတ်သာမှသာ သုံးဖြစ်တာလေ။ပြည်တွင်းလေကြောင်းလိုင်းမှာ ကုန်ချိန်တော့ တခါ ၃၀၀၀၀ ရူပီယာပေးတဲ့ .ဘာလို့လဲ ဆိုတော့ ကြော်ငြာကြေးအတွက်တဲ့။ နေ့လည် ၁၂နာရီခွဲလောက်မှာ ပြည်တွင်းထွက်ခွာ ဂိတ်ကိုရောက်နေပါပြီ။
၂ နာရီ ၂၀ ထိ စောင့်နေရတယ်လေ။
                   သွားရမည့် မြို့နာမည် က ဘင်ဂျာမာဆင် တဲ့ဗျာ။ တောင်ဖက်ကာလီမန်တန်ကျွန်း ရဲ့  စီးပွားရေး မြို့ တော်လို့ ပြောတယ်။ ညနေ ၅နာရီမှာရောက်ပါတယ်။ တည်းတဲ့ဟိုတယ်သွားတာ ကားခ ၇၀၀ ၀၀ တဲ့။ပေးရတာယ်လေ။  ဟိုတယ်ခ ၃၃၀ ၀၀၀ တဲ့။ 
                    မနက်ဖြန် ဆက်ရေးမယ်နော်။
21 ရက်နေ့ ကျတော့ ဆိုက်ထဲ က ကားလာကြိုတယ်လေ။ ဆိုက်က အင်ဂျင်နီယာနဲ့  သူတို့  လိုအပ်ချက်တွေ ကို
ရှင်းလင်းအောင် လို့  ပြောပြရှင်းပြခဲ့တယ်။ နောက် သူတို့  ရဲ့  General Manager ဆိုသူနဲ့  ဖုန်း ပြောပြီး လို အပ်ချက် အားလုံး ကို တပ်ဆင်မဲ့ အဖွဲ့  ကို အသေးစိတ်ပြောပြခဲ့ကြောင်း အကြောင်းကြားလိုက်တယ်လေ။
တာဝန်ကျေမဟုတ်ပေမဲ့ လို့  ကိုယ်လုပ်ပေးစရာရှိတာတွေ ပြတ်သွားအောင်ပါ။
                 အိမ်ပြန်ရောက်တော့ မီးမလာဘူးဗျာ။ တညလုံး ပဲ။ မနက် ကျတော့မှ ဖုန်းအားသွင်းရတော့တယ်။
တယ်မလွယ်ဘူး။ အစားအသောက် အနေအထိုင်ကတော့ ဗမာ ပြည်လိုပါပဲ။ သူတို့ ဆီက ကျေးရွာအဆင့် လို့ ပြောလို့ ရပေမဲ့ လည်း ဟန်းဖုန်း လူတိုင်းသုံးနိုင်တယ်။ အိမ်တိုင်း အ၀တ်လျှော်စက်တွေ သုံးနိုင်တယ်။ နောက် ပြီးတော့ မော်တော် ဆိုင်ကယ်တွေ လည်းရှိတယ်။ တရွာလုံး တော့ မူဆလင်တွေချည်းပဲ။ မျက်နှာကျတာကလည်း ဗမာတွေ အတိုင်းပဲ။
                   ထူးခြားတာ က ဖီးကြမ်းငှက်ပျော သီးရှိတယ်ဗျာ။ နောက် ငှက်ပျောကြော်ရှိတယ်ဗျာ။ ကောက်ညှင်းထုပ်ရှိတယ်ဗျာ။ ဗမာပြည်နဲ့ ဆင်တာပြောပါတယ်။ အဲဒီ South Kalimantan ကျွန်းက အယင်ကတော့ မလေးရှားက ဆာရာဝပ်ပြည်နယ် နဲ့ တကျွန်းထဲဖြစ်တဲ့  ဘောနီယိုကွန်းဆိုတာပေါ့။
ဆာရာဝပ်က မလေးရှားပိုင် နဲ့ ဘရူးနိုင်းနိုင်ငံတွေ ကတော့ မြောက်ဖက်မှာတည်ရှိကြတယ်။
                     ၂၂ ရက်နေ့ မနက်ကျတော့ ဂျာကာတာ ပြန်ဖို့  ရွာလေးကနေ မော်တော် နဲ့   Kotabaru မြို့ ကို (တဖက်ကမ်း) ဆိုပေ မဲ့ ဒါးလွယ်ခုတ်မောင်းရတော့ ၄၅ မိနစ်ကြတယ်ဗျ။ ဂျာဗားပင်လယ် ရဲ့  ရေလက်ကြားလေး ပေါ့ဗျာ။ ပင်လယ်ကူးသဘောင်္တွေ လည်ဖြတ်နေတာ တွေ့ ခဲ့တယ်။ အဲဒီ ကိုတာ ဘာရူ မြို့ လေးမှာ မှ လေယဉ်ကွင်းကရှိတာလေ။ လေယဉ်က နေ့လည် ၂ နာရီ ၃၅ မှာဆိုက်ပြီးတော့ South Kalimantan
ရဲ့  မြို့ တော် Binjamasin ကို ထွက်ခဲ့ တယ်။၃၅ မိနစ်ပဲကြာပါတယ်။ လေယဉ်ကလဲ သေးသေးလေပါ။ Fokker F50 လေယဉ်လေးပါ။
                      Binjarmasin ကိုရောက်တော့ တခါ ဂျာကာတာ အတွက် လေယဉ်တခါ ပြန်စောင့်ရပြန်တယ်။ညနေ ၅ နာရီမှာ ဘင်ဂျာမာဆင် ကနေ ပြီးဂျာကာတာ လေယဉ်ပေါ်တက်ရတယ်။
ဂျာကာတာရောက်တော့ တခါ ဘန်ကောက်လေယဉ်အတွက် ကိုသွားပြီး date ပြောင်းရတာနဲ့  ဖတ်ဖတ်ကိုမော
နေတာပါပဲဗျာ။
                  ဟိုတယ်ရှာဖို့ကလဲ အားလုံး က ၁၃၀ ဒေါ်လာလောက်တောင်းတယ်။ ခက်တာ က ကိုယ်က ရုံးက နေ ပြန်ထုတ်ရတာ ဆိုပေမဲ့လည်း မကောင်းပါဘူးဆိုပြီးလေဆိပ်နား က ဟိုတယ်တခု မှာ တည ဒေါ်လာ ၅၀ နဲ့ တည်းလိုက်တယ်။ ကားခကတော့ ၅၀၀၀၀ ရူပီယာကျတယ်ဗျာ။
                ခုလဲ အင်တာနက် က တနာရီ ၂၀၀၀၀ ရူပီယာနဲ့ သုံးနေလို့  အသေးစိတ်မရေးဖြစ်တော့ ဘူး။. အင်ဒိုနီးရှားက ကောင်မလေးတွေ ချောတဲ့ အကြောင်း နောက်နေ့မှရေးတော့မယ်ဗျာ။
              ဟိုတယ် ကို ရှာဖို့ ကလည်း ကိုယ်က ဘယ်မှမသွားဖူးတော့ အပြင်ရောက်ယင် ရိုက်စားလုပ်ခံရမှာလဲ ကြောက်တယ်။ အဲတာ ကားသမား တစ်ယောက် ကို မေးတော့ သူက လေဆိပ်နားမှာ ကြယ်သုံးပွင့် အဆင့်ရှိတဲ့ ဟိုတယ်ရှိတယ်တဲ့။ သူပို့ ပေးမယ်တဲ့။ ဂျာကာတာ ကတော့ ဝေးတယ်။ အခန်းကလဲ ဈေးချိုတဲ့ အခန်းတွေ ရှိတယ်တဲ့။ ကိုယ်ကလဲ လေဆိပ်နားနီးတဲ့ နေရာပဲပို့ ပါလို့ပြောလိုက်တယ်။ ဂျာကာတာ လေဆိပ် က ပြည်ပ ထွက်ခွာနဲ့ ပြည်တွင်းထွက်ခွာဆောင်တွေ က တဖက်စီမှာရှိတာလေ။ ပြည်ပ ထွက်ခွာဆောင် ကနေ ပြီး ကားနဲ့ ထွက်လာလိုက်တာ ၁၅ မိနစ်လောက် မောင်းသွားတော့ FM7 ဆိုတဲ့ ဟိုတယ် ကိုရောက်တယ်။ အခန်း ကတော့ ဈေး က ၅၅၀ ၀၀၀ ရူပီယာတဲ့။ အင်း လေဆိပ်ဟိုတယ်ထက် ၇၀၀ ၀၀၀ သက်သာတယ်လေ။ နောက် အခန်း က Delux ဆိုတော့ ဇိမ်တော့ ကျတာပေါ့နော်။ လျော့ဈေး နဲ့ က ၄၉၅ ၀၀၀ ကျမယ်တဲ့။ စဘော်ငွေ ၈၀၀ ၀၀၀ တင်ရမယ်တဲ့။
                          ညစာဆင်းစားတော့ အမဲသားနဲ့ စွပ်ပြုတ်တခွက် က်ု ၇၂၅၀၀ ကျတယ်။( ၈ ဒေါ်လာ) လောက်ထင်တယ်။ တညတာကတော့ ကုန်လွန်ခဲ့ရတာ အဆင်ပြေပါတယ်။အယင်ည ကတော့ တောရွာလေးမှာ မီးက မလာ ခြင်က ကိုက်နဲ့ တော်တော် အနေဆင်းရဲတယ်။ တော်သေးတာ က အိပ်ခန်း က
ခြင်ဇကာတပ်ထားပေလို့ပဲ။ ခြင်ဆေးလဲဖြန်းထားတော့ ညအိပ်မောကျချိန်မှာ အဆင်ပြေသွားတယ်။
                      အဲလိုလဲ ကြုံခဲ့ရသေးတယ်ဗျ။
တိုင်းပြည်လည်း မွဲပြာကျ၊ တပ်မတော်ကြီးလည်း အင်အားမရှိ
အောင်သူငြိမ်း   
ဗုဒ္ဓဟူးနေ့၊ ဇွန်လ 11 2008 17:03 - မြန်မာစံတော်ချိန်
၁၉၈၈ ခုနှစ်၊ စစ်အစိုးရ တက်လာချိန်မှစ၍ "တပ်မတော်ကို ခေတ်မီတပ်မတော် ဖြစ်လာအောင် ချဲ့ထွင်ရေး" ဟူ၍ အစဉ် တစိုက် ကြွေးကြော် ပြင်ဆင်လာခဲ့သည်။ ထိုထက် ပိုဆိုးသည်မှာ "တပ်မတော် အင်အားရှိမှ တိုင်းပြည် အင်အားရှိမည်" "တပ်မတော်သာ အမိ၊ တပ်မတော်သာ အဖ" ဟူသော ကြွေးကြော်သံများ မတန်တရာ တင်လာခဲ့ခြင်း ဖြစ်သည်။ ထို့အပြင် တပ်မတော် မော်ကွန်းဌာနမှ "မြန်မာနိုင်ငံနှင့် တပ်မတော်၏ အခန်းကဏ္ဍသမိုင်း" ဟူ၍ အတွဲများစွာ ထုတ်ဝေခဲ့သည်။ နောက်ဆုံး ယခု ရေးဆွဲခဲ့သည့် ဖွဲ့စည်းပုံ အခြေခံ ဥပဒေတွင်ပင် "မြန်မာနိုင်ငံ၏ အနာဂတ် နိုင်ငံရေး ဦးဆောင်မှု၌ တပ်မတော်က ပါဝင် တာဝန်ယူရန်" ဟူ၍ အတိအလင်း ပြဌာန်း ထည့်သွင်းလာခဲ့ပါသည်။ 
တင်လာခဲ့သည့်အတိုင်း စစ်တပ်ကိုလည်း တိုးချဲ့လာခဲ့သည်။ ၁၉၅၀ မှ ၁၉၆၉ ခုနှစ်အထိ မြန်မာနိုင်ငံက လက်နက်ဝယ်ယူ တင်သွင်းမှုမှာ တနှစ်လျှင် အမေရိကန်ဒေါ်လာ ၄ သန်းအောက်မှာသာ  ရှိခဲ့သည်။ ၁၉၇၀ မှ ၁၉၈၈ ခုနှစ်အတွင်းတွင် ကြည့်လျှင်လည်း ပျမ်းမျှအားဖြင့် နှစ်စဉ် အမေရိကန်ဒေါ်လာ ၁၈ သန်းမျှသာ ရှိခဲ့ပါသေးသည်။ ၁၉၈၈ ခုနှစ် အာဏာသိမ်း ချိန်မှစ၍ တပ်ဖွဲ့များကို တိုးချဲ့ ဖွဲ့စည်းလာခဲ့သလို၊ လက်နက်ဆန်းများကိုလည်း တိုးတက် ၀ယ်ယူလာခဲ့ပါသည်။ အာဏာသိမ်းပြီးစ ကာလတွင်ပင် တရုတ်နိုင်ငံမှ စစ်လက်နက် ဒေါ်လာသန်း ၁,၀၀၀ ကျော်ဖိုး တလုံးတခဲတည်း ၀ယ်ယူတင်သွင်းခဲ့ပြီး၊ နောက်ပိုင်းတွင်လည်း ယူကရိန်း၊ ရုရှားနှင့် အခြားနိုင်ငံများမှ ၀ယ်ယူ တင်သွင်းနေခဲ့ပါသည်။ လေတပ်တွင် MiG-29, Chendu F-7 M, NAMC A-5C, SOKO G-4 Super Galeb, FT-7, Shenyang FT- 6 စသည့် တိုက်လေယာဉ်နှင့် အခြားသုံး လေယာဉ်၊ ရဟတ်ယာဉ် အစီးပေါင်း ၁၈၀ ကျော်ကို ထပ်မံ ဖြည့်ဆီးခဲ့ သည်။ ရေတပ်တွင်လည်း တရုတ်နိုင်ငံမှ ဟိုင်နန် အမျိုးအစား စစ်သင်္ဘောများ အပါအ၀င် စစ်သင်္ဘောသစ် ၃၀ ကျော်ကို ထပ်မံ ဖြည့်ဆီးခဲ့ပါသည်။ 
ဂျိန်းစ် ကာကွယ်ရေးမဂ္ဂဇင်း (Jane's Defence Weekly) မှ ရရှိခဲ့သည့် မြန်မာစစ်တပ်၏ စာရွက်စာတမ်းများအရ ၁၉၉၂ ခုနှစ် နှစ်လည်တွင် ကြည်း-ရေ-လေ စုစုပေါင်း အင်အား ၂၇၀,၀၀၀ အထိ တိုးတက်ခဲ့ပြီး၊ အာဏာသိမ်းပြီးချိန် ၁၉၈၈ မှစ၍ ၆၀% တိုးချဲ့ခဲ့ခြင်း ဖြစ်သည်။ အပြည်ပြည်ဆိုင်ရာ အကျပ်အတည်းများ လေ့လာရေးအဖွဲ့ (ICG) ၏ အစီရင်ခံစာတခုအရ ၁၉၈၈ ခုနှစ်တွင် စစ်သည်အင်အား ၁၉၀,၀၀၀ ရှိရာမှ ၁၉၉၈ ခုနှစ်တွင် ၄၀၀,၀၀၀ အထိ ရှိလာခဲ့သည်။ (န၀တ) စစ်အစိုးရ ကလည်း စစ်အင်အား ၅၀၀,၀၀၀ အထိ ရောက်အောင် တိုးချဲ့မည်ဟု ပြောင်ဖွင့်ပြော ကြေညာခဲ့ပါသည်။ ၁၉၆၀ ခုနှစ်က မြန်မာ့စစ်တပ်တွင် တပ်ရင်း (၅၀) မျှသာ ရှိသေးပြီး၊ ၁၉၇၄ ခုနှစ်တွင် တပ်ရင်း (၁၂၀) မျှသာ ရှိပါသေးသည်။ အပြည်ပြည် ဆိုင်ရာ လုံခြုံရေးနှင့် မဟာဗျူဟာ လေ့လာရေးဌာန (IISS) ၏ အဆိုအရ မြန်မာစစ်တပ်တွင် ၁၉၉၅ ခုနှစ် နှစ်လယ်တွင် တပ်ရင်း ၂၄၅ ရင်း ရှိလာပြီး၊ ယခုအခါ တပ်ရင်းပေါင်း ၅၀၀ ကျော်အထိ တိုးချဲ့ ထားခဲ့ပါသည်။ 
မစ်တိုက်လေယာဉ်အသစ်များ၊ လက်နက်များ ထပ်မံ ၀ယ်ယူခဲ့သလို၊ ယူကရိန်း နိုင်ငံနှင့် ရုရှား နိုင်ငံများမှလည်း တီ-၅၂ အမျိုးအစား တင့်ကားများ၊ ရဟတ်ယာဉ်များ၊ လေကြောင်းရန် ကာကွယ်ရေး စနစ်များ၊ အင်တာနက် ဆိုင်ဘာစစ်ဆင်ရေး အတွက် ထိန်းချုပ်စီမံရေး ကရိယာများ ထပ်မံ ၀ယ်ယူ ခဲ့ပါသေးသည်။ ထိုမျှမက စရိတ် ကုန်ကျမှု များပြားလှသော အဏုမြူ ဓါတ်ပေါင်းဖို စီမံကိန်းများကဲ့သို့သော ကိစ္စများကိုလည်း ချဲ့ထွင် လာခဲ့ပါသေးသည်။ စစ်အသုံးစားရိတ်လည်း တစတစ တိုးတက်လာနေခဲ့သည်။ 
ထို့အပြင် စစ်တပ်ဖွဲ့စည်းပုံ၊ အမိန့်ပေးဌာနများကိုလည်း တိုးချဲ့လာခဲ့သည်။ ယခင်က အထူး စစ်ဆင်ရေး ကွပ်ကဲမှု အဖွဲ့ ၁ ခုသာ ရှိရာမှ ယခုအခါ ၅ ခုသို့ တိုးချဲ့ခဲ့သည်။ လေကြောင်းရန် ကာကွယ်ရေး ဦးစီးချုပ်အဖြစ် တာဝန်အသစ်နှင့် ကြည်း-ရေ-လေ တပ်များ၏ ပူးပေါင်းစစ်ဆင်ရေး ကွပ်ကဲရေးမှူးချုပ် တာဝန်များကိုလည်း တိုး၍ ခန့်ထားခဲ့သေးသည်။ ထို့အပြင် မြန်မာ့ တပ်မတော်ထံမှ မသိနားမလည်သူများထံ ကြွားလုံးများလည်း ကြားခဲ့ရသေးသည်။ ၁၉၉၁ ခုနှစ် ကေအဲန်ယူက ဘိုကလေး ဒေသသို့ ထိုးဖောက်၍ တိုက်ပွဲများ ဖြစ်လာအပြီး ကာလတွင်၊ ဗိုလ်ချုပ်ခင်ညွန့် အပါအ၀င် တပ်မတော် ခေါင်းဆောင်များထံမှ ယခုအခါ၌ သူတို့ထံတွင် လိုအပ်လျှင် လေကြောင်းချီ တင်ပို့နိုင်သော တပ်မကြီးများ ရှိနေပြီဟု ဆိုခဲ့ကြသေးသည်။ အသစ် ၀ယ်ယူထားသော လက်နက်များဖြင့် စစ်ရေးပြ၍ ကြည်း-ရေ-လေ ပူးတွဲ စစ်ဆင်ရေး လေ့ကျင့်ခန်းများလည်း ပြုလုပ်ခဲ့ကြပြီး ၁၉၉၅ ခုနှစ်နှင့် ၁၉၉၇ ခုနှစ်များတွင် စစ်သည် အင်အား ၃၀,၀၀၀ ကျော် ပါဝင်သည့် ကြည်း-ရေ-လေ ပူးတွဲ စစ်ဆင်ရေးများ ကို ဧရာဝတီတိုင်း ငွေဆောင်ကမ်းခြေနှင့် မိတ္ထီလာတို့တွင် ပြုခဲ့ကြသည်။ နောက်ပိုင်းတွင် ပူးတွဲ စစ်ဆင်ရေး လေ့ကျင့်ခန်းကို "ရွှေပြည်သာ" "ရွှေမြန်မာ" စသဖြင့် သဲမြေပုံ စစ်ဆင်ရေး လေ့ကျင့်ခန်းများ ၂ ခါ လေ့ကျင့်ခဲ့ကြသေးသည်ဟု ဆိုပါသည်။ ထိုမျှမက မိန့်ခွန်းများတွင် နိုင်ငံတကာတပ်များ ကျူးကျော် လာပါက ခုခံရန် ပြည်သူ့စစ် မဟာဗျူဟာ ဖြင့် အသင့်ပြင်ထားကြောင်း ဆိုခဲ့ကြပါသေးသည်။ 
အချို့သော ပညာရှင်များက မြန်မာနိုင်ငံ၏ စစ်အသုံးစရိတ်သည် ဘဏ္ဍာရေး ဘတ်ဂျက်၏ (၆၀%) မျှ ရှိမည်ဟု တွက်ချက် နေကြပါသည်။ သို့သော် ဆင်ကြီးခြေမခိုင် သကဲ့သို့ တပ်မတော်က အောက်ခြေက ပြိုနေပြီ ဖြစ်သည်။ တပ်တွင်း ဖိနှိပ်မှု၊ အခွင့်အရေး တန်းတူညီမျှ မရှိမှုများ၊ စားဝတ်နေရေး ပြဿနာများကြောင့်လည်း ရဲဘော်များ တပ်ပြေးနေကြပြီ။ ဂျိန်းစ် ကာကွယ်ရေးဆိုင်ရာ မဂ္ဂဇင်း (၂၀၀၆